Monday, September 10, 2012

NOD 32 Anti-Virus ဆော့ဖ်ဝဲအသစ် ဈေးကွက်တွင်း ရောက်ရှိ ထိုဆော့ဖ်ဝဲဖြင့် ပျောက်ဆုံးသွားသော ဖုန်းအား ပြန်လည်ရှာဖေနိုင်မည်

NOD 32 Anti-Virus အမည်ရှိ ဆော့ဖ်ဝဲအသစ် ဈေးကွက်တွင်း ရောက်ရှိလာပြီး ထိုဆော့ဖ်ဝဲ ဖြင့် ပျောက်ဆုံးသွားသော ဖုန်းအား ပြန်လည်ရှာဖွေနိုင်မည်ဖြစ်ကြောင်း Yangon Development Co.,Ltd. မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မိုးဘိုင်းဖုန်း ပျောက်သွားရင် ဒီဆော့ဖ်ဝဲကတစ်ဆင့် ဖုန်းကို ပြန်ရှာလို့ရတယ်။ ဒါပေမဲ့ ဒီလိုရှာ ဖို့အတွက် မိုဘိုင်းဖုန်းမှာ GPS စနစ်ကိုလည်းထည့်သွင်းထားဖို့ လိုတယ်။ အဲဒီလိုထည့်သွင်းထားမှပဲ အခု ဒီ NOD 32 Anti-Virus ဆော့ဖ်ဝဲမှာပါတဲ့ GPS ကပျောက်သွားတဲ့ဖုန်းမှာပါတဲ့ GPS နဲ့ ချိတ်ဆက်ပြီးဖုန်းကို ရှာဖွေ နိုင်မှာဖြစ်ပါတယ်”ဟု ၎င်းကပြောကြားသည်။
ထို NOD 32 ဆော့ဖ်ဝဲသည် Anti-Virus အမျိုးအစားဖြစ်ပြီး ဗိုင်းရပ်စ်ဖမ်းရာတွင် ၁၀၀ ရာခိုင် နှုန်းဖမ်းနိုင်ကြောင်း၊ ထိုဆော့ဖ်ဝဲကို ကွန်ပျူတာများ၊ အန်းဒရိုက်ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်ကြောင်း၊ ထိုဆော့ဖ်ဝဲသည် ကွန်ပျူတာ၏ CPU Memory ကို ထိန်းပေးနိုင်ပြီး Update ပြုလုပ်ရာတွင် ကွန်ပျူတာ၏ Hard Disk System Performance ကိုနှောင့်ယှက်ခြင်းမပြုနိုင်ကြောင်း သိရသည်။

http://www.nod32.co.il/images/eset-nod32-antivirus-270x240.pngထို့ပြင် ထိုဆော့ဖ်ဝဲအသုံးပြုထားသည့် မိုဘိုင်းဖုန်းများတွင် Security ပြုလုပ်နိုင်သည့် နည်းပ ညာများ ထည့်သွင်းနိုင်ကြောင်း၊ ထိုဆော့ဖ်ဝဲဖြင့် ဖုန်းပျောက်ခြင်းကို ရှာဖွေနိုင်သကဲ့သို့ မိမိဖုန်းထဲမှ အခြားသူ မမြင်တွေ့စေလိုသည့် အချက်အလက်များကို အခြားဖုန်းတစ်လုံးမှတစ်ဆင့် ဖျက်ဆီးပစ်နိုင်ကြောင်း၊ ထိုဆော့ဖ် ၀ဲ ဖျက်ဆီးပစ်နိုင်ကြောင်း၊ ထိုဆော့ဖ်ဝဲထည့်သွင်းလိုပါက Yangon Development Co.,Ltd. တွင် ထည့်သွင်း နိုင်ပြီး ကွန်ပျူတာသို့ ထည့်သွင်းပါက ကျပ် ၉၀၀၀ ကျပ်သင့်မည်ဖြစ်ကာ မိုဘိုင်းဖုန်းအတွင်း ထည့်သွင်းပါက ကျပ် ၇၀၀၀ ကျသင့်မည်ဖြစ်ကြောင်းသိရသည်။

Ref:www.teashoptalk.com၀န်ခံချက်။     ။ winkabarkyaw ဆိုက်မှမျှဝေသည်

No comments:

Post a Comment